Tuesday, July 31, 2007
ဘ၀ဆိုတာ
နောက်ဆုံးတော့လည်း
ဒီလိုပဲ.....
အရိုးတွေနဲ့ အဆုံးသတ်ကြရတာပဲ။
ပြီးတော့.....
ပုခက်နဲ့အုတ်ဂူကြား
ခဏတာရှန်သန်ခွင့်လေးပဲ။
ဒီတော့ ဘ၀င်မမြင့်ပါနဲ့
မမောက်မာပါနဲ့
ကြင်နာပါ
ကူညီပါ
ကိုယ်ခြင်းစာပါ။။။။။။။
ဧဏီစိုး
Posted by
elevator
at
2:53 PM
0
comments
လူငယ်
ပျက်ပျယ်မှု့ ရဲ့နိယာမ
တန်ပြန်တတ်တဲ့ပဲ့တင်သံ
အထီးကျန်လွန်းနတဲ့ဒုက်ခတရား
ထာဝရပဲရှိရှိ
တသက်လုံးပဲတည်တည်
ကျောက်ဆောင်တစ်ခုရဲ့ ခိုင်ခံ့ပုံမျိုးနဲ့ 
ခြေလှမ်းတွေကိုဆက်ရမယ်။
သွားလိုတဲ့ခရီးတစ်ခုအတွက်
ထုံထိုင်းနေတဲ့အတွေးစတွေကိုပစ်လွတ်
ချိနဲ့ နေတဲ့ဦးနှောက်ကိုဆေးထိုး
ယိုင်နဲ့ နေ တဲ့ခြေလှမ်းတွေကို
သိပ်ပံနည်းကျပြောင်းလဲ
့အင်ဂျင်တစ်ခုရဲ့ နှုန်းထားနဲ့ 
အမြဲတမ်းဆန်းသစ်နေရမယ်။
ကောင်းကင်ကိုတက်လှမ်းဖို့ ပဲဖြစ်ဖြစ်
ပန်းတစ်ပွင့်ကိုခူးဆွတ်ဖို့ ပဲဖြစ်ဖြစ်
ရွန်လန်းတက်ကြွ
အားမာန်တွေအပြည့်အ၀နဲ့ 
ဒို့လူငယ်လေးများ
အနာဂတ်ကို လမ်းခင်းသွားကြမယ်။။။။
Posted by
elevator
at
9:07 AM
0
comments
Labels: လူငယ်
ငါတို့ ရွာ
ငါတို့ ရွာ
ဒီခြေနှစ်ချောင်းလေးလူပီပီရပ်တည်နိုင်ဖို့ 
ငါတို့ တွေ
အကျောက်အကန်ကိုရုန်းကန်နေရ
့ဖြစ်တည်ရာဘ၀က
တာလွတ်ကတည်းကခြေချော်ထားသူမှို့ 
သူများကခြေတစ်လှမ်းဆို
ငါတို့ နှစ်လှမ်းလှမ်းမှထပ်တူကျမယ် ။
တရားမျှတမှု့ က
လမ်းဘေးထန်းရည်ဆိုင်ကအိုးထဲမှာ
အခုထိ ခေါင်းမဖေါ်နိုင်သေးဘူး ။
မျိုးဆက်သစ်တွေကလည်း
အနောက်ဖျားက ဇရပ်ပျက်ထဲမှာ
တ၀ုန်းဝုန်းတရုန်းရုန်း ။
ွလိုက်ဘရေရီကို ဂိုဒေါင်လိုသဘောထားတယ်
အိုင်တီကိုအီတီနဲ့ အမှတ်မှားတော့
ဘ၀က
အခုထိဗွက်ထဲကရုန်းမထွက်နိုင်သေးဘူး ။
ဦးနှောက်ကလည်း
အခုထိ လူလားမမြောက်သေးဘူး ။
ကားတွေကဖြေးဖြေးချင်းရွေ့ တယ်
လူတွေကတစ်လှမ်းခြင်းလှမ်းတယ်
လမ်းတွေကလည်း
တစ်.....လမ်း.....သွား.....။
၂၂.may.၂၅၅၀
၉း၄၅ pm
Posted by
elevator
at
8:13 AM
0
comments
Labels: ငါတို့ ရွာ