Friday, December 14, 2007

လူ့ ဘ၀ အခြေခံ



ဘာထုတ်လုပ်မှု့မှမရှိဘဲ
ဘာနောလေ့ဂ်ျမှ မပေးနိုင်ပဲ
ပစ္စည်းတွေကိုချည်းသိမ်းတတ်တဲ့
ဟောဒီ လက်တွေကို မလိုချင်တော့ဘူး ။

ဟန်ဆောင်နိုင်မှ အစားချောင်တဲ့ လူ့ဝန်းကျင်မှာ
လူ့ယုံကြည်မှု့
လူ့စေတနာ
လူ့ရက်ရောမှု့တွေကို ခေါင်းပုံဖြတ်တတ်တဲ့
လူ့ဟန်ဆောင် ဆရာတွေကိုလည်း မလိုခြင်တော့ဘူး ။

ပညာကချိနှဲ့ 
အသိဥာဏ်က နုံနဲနဲ့ 
ပိတ်ဖြူဝတ်ရင် သူတော်စင်ထင်တတ်တဲ့
ဒို့ လူမျိုးစစ်စစ်တွေကိုလည်းမုန်းတယ် ။

မမြင်ရတဲ့ ချမ်းသာမှု့ကိုမျှော်ကိုးပြီး
ဘာမဟုတ်တဲ့ အဆောင်ယတြာတွေကြား
ဗျာများတတ်တဲ့
ထေရ၀ါဒ အမည်ခံတွေကိုလည်း မုန်းတယ် ။

ဟောဒီ လူ့ဝန်းကျင် စစ်စစ်မှာ
အခြေခံလိုအပ်ချက်ဟာ "အသိဥာဏ်ပညာ"
"ဟန်ဆောင်ဆရာ" မဟုတ်ဘူး
"အဆောင်ယတြာ" မဟုတ်ဘူး ။ ။ ။

၁၄.၁၂.၂၀၀၇
သောကြာနေ့
ဆင်းရဲတွင်းနက်နေသော ရွှေမြန်မာများနှင့် ထေရ၀ါဒအမည်ခံတချို့ကို တွေ့ မြင်မိသောကြောင့်......