တစ်စစီပဲ့ကြေသွားပြီ
လမ်းသင့်လို့ပဲလား
လေပင့်လို့ပဲလား
မပျက်ပြယ်နိုင်တော့တဲ့ လေထဲကစကားလုံးတွေအတွက်
ငါ့ရင်ဘတ်တွေ အခုထိဖားဖိုဖြစ်နေတုန်းပဲ ။
ငါပေးဆပ်ခဲ့ပြီးပြီပဲ
အတောမသတ်နိုင်တဲ့ ဒီဆန်ဒတွေအတွက်
ငါ..ဘယ်လောက်ထိ ဆက်ကြွေပြနေရအုံးမှာလဲ ။
အပြန်မရှိတဲ့ ဒီခရီးကိုမှ
မိုက်မဲစွာ လျှောက်မိခဲ့တဲ့ကောင်ပါ..
ရောင်စုံလွမ်းနေတဲ့ သူ့ဖိုင်တွဲကြီးထဲက
(နုံချာလွန်းလှတဲ့)
ဒီငနဲကို ထုတ်ပယ်လိုက်ပါတော့ ။
အဝေးဆုံးရဲ့ အဝေးကနေ
မထင်မရှား ဘ၀လေးနဲ့ပဲ
ငါ.....
သူ့န်းတော်ကို ဆက်လက်မွမ်းမံနေပါ့မယ် ။ ။ ။
ဧဏီစိုး
၆.၂.၂၀၀၆
Wednesday, August 22, 2007
ကြယ်တွေကြွေတဲ့ ည
Posted by
elevator
at
4:44 PM
0
comments
Labels: ကြယ်တွေကြွေတဲ့ ည
Subscribe to:
Posts (Atom)