Friday, November 16, 2007

အပြီးပိုင် နှုတ်ဆက်ခြင်း


လောလောလတ်လတ် စီးဆင်းသွားတဲ့
ဟောဒီမျက်ရည်တွေ မခမ်းချောက်သေးဘူး ၊

ထပ်မကြေကွဲပါရစေနဲ့
တိုးတိုးညှင်းညှင်းနဲ့
ငါ့ရဲ့လေဟာနယ်ဟာ
ငါ့...ရွက်ကြွေတွေကိုသာ သယ်ဆောင်ပါစေတော့ ၊

နင်းချေ ကန်ကျောက်ခံရဖို့ကိုက
မွေးရာပါ ကံနာတစ်ခုဖြစ်ခဲ့ယင်
ဒီမှာပဲ လက်ပြနှုတ်ဆက်လိုက်ပါရဲ့ ၊

ဝှေ့ခနဲ့တိုက်ခတ်သွားတဲ့လေပြေဟာ
ရင်ဘတ်ဗလာနဲ့ငါပါ ၊

ဘယ်လို ပါဖေါင်းမင့်(စ်)* မျိုးမှ မလာပါနဲ့တော့
မင်းလက်လှုပ်ရာ က ရလောက်အောင်
ငါကိုယ်တိုင်က ရုပ်သေးရုပ်မဟုတ်သလို
မင်းကလည်း ကြိုးဆွဲဆရာ မဟုတ်တော့
ဒီဇာတ်ခုံပေါ်မှာ
မင်းနဲ့ငါဟာ
ဘာ ဖန်ရှင်း# မှကို မရှိတော့ဘူး ။ ။ ။

* performance
# function

16.Nov.2007
Frid day