Saturday, September 15, 2007

ကိုယ်တိုင်ရေး ပုံတူ


ညတွေ အလင်းမရှိရတာနဲ့
ကိုယ့် ပုံတူတွေထပ်တူ မကျရတာနဲ့
ဘ၀တူတွေ ပျံထွက်သွားလိုက်ကြတာ
ရေလို့တောင် မကုန်နိုင်တော့ဘူး ။

မနက်ဖြန်ဆိုတာကို သိတာပဲ
ဘယ်လို အနေထားမျိုးနဲ့ ကစ်လိုက်ရင်
ဒီဘောလုံး ဘယ်လောက်ရောက်မယ်ဆိုတာလဲ သိတာပဲ ။
ဒါပေမဲ့...လူသားပီပီ
တစ်ခါတရံမှာ ငါလဲ အတွက်မှားတတ်ရဲ့ ။

ငါဆိုတဲ့ လက်သီးဆုပ်တွေ မဖြေသေးသရွေ့
ဘယ်တုန်းက ရှင်သန်ခဲ့မှန်းမသိတဲ့ အမြစ်တွေ မသေဆုံးသရွေ့
(ဒီ ငါ....လို့ အများခေါ်ကြတဲ့)
ငါ့ရဲ့ ပုံတူဟာလည်း
ဝိုးတ၀ါးနဲ့ လမ်းမှားနေဦးမှာပဲ ။ ။ ။

ဧဏီစိုး
၁၃.၉.၂၅၅၀

ထွက်ရပ်ပေါက် လူငယ်



ဒီည လမသာပေမဲ့
ဒို့ ကောင်ကင်လေးတွေလင်းနေတယ်..
ကြယ်တွေက ၀ပ်ဝပ်ပျတ်ပျတ် ဦးညွတ်လို့
ဒို့ရဲ့ အလင်းတွေအတွက်
သူတို့ ထပ်တူထပ်မျှ ခံစားပြတယ်..

ညကလဲ ညပါပဲ
မဆံမပြဲ မျိုဆို့ထားတဲ့
သူ့အစာတွေ မကြေရတာနဲ့
လမ်းတွေကို အမှောင်ချထားရမတဲ့လား..

ညကို အမှောင်ထပ်ဆင့်ထားတဲ့ ညရေ ...
ဒို့က အံမတုပါဘူး
ရိုးသားမှု့နဲ့ပဲ ယှဉ်ပြိုင်တယ်..

ဒို့က မယုတ်မာပါဘူး
ကိုယ်ပိုင် အလင်းနဲ့ပဲ ရှေ့ဆက်တယ် ။။။

ဧဏီစိုး

The Youths who Escape

Tonight,
The moon doesn't shines,
Yet..our sky shine.
Stars delight and share our shine,
Kneeling down respectfully.

The night is merely night,
Should he black out the streets
Not being able to digest what he's overeaten?

Oh,,you,Night with double darkness !!!
We, freedom lovers do not cheat
But compete with honesty.
We, freedom lovers do not be wicked
But lead on with our own light.

eanisoe
14,9,2550