Thursday, August 23, 2007

ဆဲလ် စင်တာ




ဆဲလ်စင်တာ

ကိုယ်ပိုင် စူးစမ်းမှု့မပါတဲ့ ရိုးရာတွေနဲ့
ယုံကြည်မှု့လွန်ကဲတဲ့ ထုံတမ်းတွေက
အတွင်းလှိုက် ထုတ်ယူသွားလိုက်တာ
လူ့အသက်ပေါင်းလည်း မနည်းတော့ဘူး ။

များပြားလှတဲ့ ၀ါဒတွေနဲ့
ဘာမှမရေရာတဲ့ ဒီဖန်ဆင်းရှင်တွေထဲ
ငါ့ကိုယ်ငါ ဘာ့ကြောင့်စီးမျောရမှာလဲ...

တကယ်တော့
ငါ.ကိုယ်တိုင်က ၀ါဒတစ်ခုဖြစ်သလို
ငါ.ကိုယ်တိုင်ကပဲ ဖန်ဆင်းရှင်တစ်ဦးပဲလေ ။ ။ ။

ဧဏီစိုး
၂၃.၈.၂၅၅၀
ကြာသတေး ည..၁၀း၃၉

No comments: