ညတွေ အလင်းမရှိရတာနဲ့
ကိုယ့် ပုံတူတွေထပ်တူ မကျရတာနဲ့
ဘ၀တူတွေ ပျံထွက်သွားလိုက်ကြတာ
ရေလို့တောင် မကုန်နိုင်တော့ဘူး ။
မနက်ဖြန်ဆိုတာကို သိတာပဲ
ဘယ်လို အနေထားမျိုးနဲ့ ကစ်လိုက်ရင်
ဒီဘောလုံး ဘယ်လောက်ရောက်မယ်ဆိုတာလဲ သိတာပဲ ။
ဒါပေမဲ့...လူသားပီပီ
တစ်ခါတရံမှာ ငါလဲ အတွက်မှားတတ်ရဲ့ ။
ငါဆိုတဲ့ လက်သီးဆုပ်တွေ မဖြေသေးသရွေ့
ဘယ်တုန်းက ရှင်သန်ခဲ့မှန်းမသိတဲ့ အမြစ်တွေ မသေဆုံးသရွေ့
(ဒီ ငါ....လို့ အများခေါ်ကြတဲ့)
ငါ့ရဲ့ ပုံတူဟာလည်း
ဝိုးတ၀ါးနဲ့ လမ်းမှားနေဦးမှာပဲ ။ ။ ။
ဧဏီစိုး
၁၃.၉.၂၅၅၀
Saturday, September 15, 2007
ကိုယ်တိုင်ရေး ပုံတူ
Posted by
elevator
at
9:28 PM
Labels: ကိုယ်တိုင်ရေး ပုံတူ
Subscribe to:
Post Comments (Atom)
1 comment:
အရမ်းတူတာဘဲကွာ။ ပန်းချီတော်တယ်ကွာ။
Post a Comment