နေ့တွေ အလင်းမဲ့နေတာကြာပြီလေ
ညကလည်း ကုန်းကောက်စရာမရှိလောက်အောင်
သူ့ကိုသူ အမှောင်ချလို့ ။
ဘ၀က
ဖျောက်ဆိတ်ကြယ်လောက်တောင် မလင်းတော့
သွားနေတာလား
ရပ်နေတာလား
ဘာမှကို မသေချာဘူး ။
သေချာတာက
ဒီကဘာမှာ ငါတို့တွေ နောက်ဆုံးရောက်နေတယ်ဆိုတာပဲ ။
ဒီလိုနဲ့
ပြားချပ်နေတဲ့ ငါတို့ဝမ်းတွေ
ချုပ်ကြိုးထပ်နေတဲ့ ငါတို့ပါးစပ်တွေ
အနာဂတ်မဲ့နေတဲ့ ငါတို့ကောင်းကင်တွေ
ပြီး....
နေရာတကာမှာ အနိုင်ကျင့်ခံနေရတဲ့ ငါတို့သမီးပျိုလေးတွေ
ဘယ်အချိန် ဘယ်ကာလ ဘယ်ကဘာထိ
(ဟောဒီ အမှောင်ထုရဲ့အောက်မှာ)
ဆက်လက် အသုံးတော်ခံနေရအုံးမှာလဲ ။ ။ ။
၁၇.၁၀.၂၀၀၇
၇း၂၀ Wed day
Wednesday, October 17, 2007
အမှောင်ခေတ်
Posted by
elevator
at
9:18 PM
Labels: အမှောင်ခေတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment