
ကျွမ်းတမြေ့မြေ့
တငွေ့ ငွေ့ လောင်
ဘ၀ထောင်ထဲ
ချုပ်နှောင်ဆို့ပိတ်
ဒို့..အတိတ်သည်.....
..........................
..........................
..........................
အမှောင်လွမ်းခြုံ
ဒီ အသိုက်မြုံထဲ
အလင်းမသိ
ကြယ်မရှိဘူး
ပန်းတိုင်ဆိုတာ ဝေးလာဝေး ။ ။ ။
18.Nov.2550
Frid day
Saturday, November 17, 2007
အမှောင်ကဘာ (သို့) RAMNAYM
Posted by
elevator
at
7:32 PM
0
comments
Labels: အမှောင်ကဘာ (သို့) RAMNAYM
Friday, November 16, 2007
အပြီးပိုင် နှုတ်ဆက်ခြင်း

လောလောလတ်လတ် စီးဆင်းသွားတဲ့
ဟောဒီမျက်ရည်တွေ မခမ်းချောက်သေးဘူး ၊
ထပ်မကြေကွဲပါရစေနဲ့
တိုးတိုးညှင်းညှင်းနဲ့
ငါ့ရဲ့လေဟာနယ်ဟာ
ငါ့...ရွက်ကြွေတွေကိုသာ သယ်ဆောင်ပါစေတော့ ၊
နင်းချေ ကန်ကျောက်ခံရဖို့ကိုက
မွေးရာပါ ကံနာတစ်ခုဖြစ်ခဲ့ယင်
ဒီမှာပဲ လက်ပြနှုတ်ဆက်လိုက်ပါရဲ့ ၊
ဝှေ့ခနဲ့တိုက်ခတ်သွားတဲ့လေပြေဟာ
ရင်ဘတ်ဗလာနဲ့ငါပါ ၊
ဘယ်လို ပါဖေါင်းမင့်(စ်)* မျိုးမှ မလာပါနဲ့တော့
မင်းလက်လှုပ်ရာ က ရလောက်အောင်
ငါကိုယ်တိုင်က ရုပ်သေးရုပ်မဟုတ်သလို
မင်းကလည်း ကြိုးဆွဲဆရာ မဟုတ်တော့
ဒီဇာတ်ခုံပေါ်မှာ
မင်းနဲ့ငါဟာ
ဘာ ဖန်ရှင်း# မှကို မရှိတော့ဘူး ။ ။ ။
* performance
# function
16.Nov.2007
Frid day
Posted by
elevator
at
10:18 PM
0
comments
Labels: အပြီးပိုင် နှုတ်ဆက်ခြင်း
Saturday, November 10, 2007
အိမ်လွမ်းသူ

လွမ်းမိတယ်
မှိုင်းပျပျတောင်တန်းတွေနဲ့
အစီအရီပေါက်နေတဲ့ ထန်းတောတွေကိုလေ။
ဘယ်တော့များ ပြန်နမ်းရှိုက်ခွင့်ရမှာလဲ
စပါးခင်းတွေကို ဖြတ်သန်းပြီး တိုက်ခတ်လာတဲ့လေတွေကိုလေ။
လွမ်းတယ်
ဆည်းဆာအောက်မှာ
ရေခပ်ဆင်းတဲ့ ညီငယ် ညီမငယ်တွေကိုလွမ်းတယ်။
ဖုံတထောင်းထောင်းနဲ့
လှည်းလမ်းကြီးကိုလည်းလွမ်းတယ်။
ဖယောင်းတိုင်မီးလေးအောင်မှာ
ရေနွေးကြမ်းသောက်ရင်း
စကားစမြည် ပြောခဲ့ရတဲ့ညတွေကိုလွမ်းတယ်။
ငါ...နှုတ်မဆက်ခဲ့ပါဘူး
ဒါပေမဲ့
လမ်းခွဲခဲ့ရတယ်။
ငါ...မငိုကျွေးခဲ့ပါဘူး
ဒါပေမဲ့ မျက်ရည်တွေဖြိုင်ခဲ့တယ်။
ဒီ...အတိတ်ရဲ့တံစက်မြိတ်ထဲ
ငါ့အိပ်မက်တွေ ဘယ်တော့ပြန်ခြေချခွင့်ရမှာလဲ..
နည်းအမျိုးမျိုးနဲ့
ဆွဲမိဆွဲရာတွယ်ကပ်နေရသူတွေထဲ
ခြေသလုံးကို အိမ်တိုင်လုပ်နေရတဲ့ ဟောဒီ ငနဲတစ်ယောက်ကတော့
အခုထိ အိမ်မပြန်နိုင်သေးဘူး ။ ။ ။
Posted by
elevator
at
4:02 PM
1 comments
Labels: အိမ်လွမ်းသူ
Friday, November 2, 2007
ဘယ်ကိုလဲ

ဘာလုပ်ကြမှာလဲ
သူတလူ...ငါတစ်မင်းနဲ့
ဒီလိုပဲ လက်ဝါးကြီးအုပ်နေကြမှာလား
ဘော်ဒါတို့ရေ
ဟောဒီ ရီဗော်လူရှင်းကာလကြီးမှာ
အာဏာရှင်ဆန်တဲ့ အတွေးတွေ
လက်ဝါးကြီးအုပ်တဲ့ လုပ်ရပ်တွေ
ငါလုပ်မှဖြစ်မယ်ဆိုတဲ့
ရူးမိုက်မိုက် မာနတွေ မရှိဖို့လိုတယ်။
သွားခြင်တဲ့လမ်းကြောင်းက ဘယ်လဲ
ပစ်ခြင်တဲ့ တာ့ဂက်က ဘာလဲ
ဒီလမ်းကလေးတွေ မရှင်းသေးရင်တော့
ဒို့တတွေဟာ
ပွဲမစခင်ကတည်းကကို ရှုံးနှင့်နေပြီပဲ ။ ။ ။
၂.၁၁.၂၀၀၇
သောကြာနေ့
Posted by
elevator
at
11:17 AM
0
comments




