Saturday, December 8, 2007

လွတ်မြောက်နယ်မြေ

မှိုင်းညို့ညို့တောင်တန်းတွေနဲ့ စိမ်းမြမြတောတန်းတွေက ပေါ်လူးရှင်းတွေ သိပ်သည်းလှတဲ့ မြို့ပြဘ၀နဲ့တော့ တခြားဆီပဲ ၊ ဟုတ်တယ်...ငါခရီးထွက်ခဲ့တယ်..မွေတစ်ကောင်လို ကွေ့ ပတ်တဲ့တောင်တက်လမ်းတွေက ငယ်ငယ်က ဖတ်ခဲ့ရတဲ့ နန္ဒောပနန္ဒနဂါးမင်းပန်ချီကားတစ်ချပ်လို....လမ်းတွေက ကွေ့ကွေ့ကောက်ကောက်...


တောင်တက်လမ်းက မြင့်လွန်းတော့ တအီအီနဲ့ ဟိုင်းလပ်လေးလဲ မီးခိုးတွေအူလို့....သူ မနိုင်ဝန်ထမ်းခဲ့တာပဲ..
ကားဆိုတာ......အဲ.....လူဆိုတာနိုင်ရာဝန်ကိုပဲ ထမ်းရပြီး..တန်ရာကိုပဲ မျှော်လင့်ရမှာလေ...ဒီနိယာမကို သစ္စာဖောက်လို့ လူ့ဘ၀ကြီး ဂျွန်ထိုးမှောက်ခုံဖြစ်ရတာ ......( အဲဒါ....ယုံသလား?????)
တောင်တန်းဒေသဆိုတာ အေးတယ်လေ...တောင်နံရံတွေမှာ နှင်းတွေကဝေ့လို့....ဒီကြားထဲ ကားလေကတိုးတော့ ပါလာတဲ့ အ၀တ်နဲ့ အသားမှန်သမျှမပေါ်ရအောင် ဆွဲအုပ်လိုက်ရတယ်...(မျက်နှာက လွဲလို့)


တအိအိနဲ့ နှစ်နာရီလောက်ဖြတ်သန်းပြီးချိန်မှာတော့ သွပ်မိုး အုပ်ကာ အဆောက်အဦးတွေ အပေါ်စီးကမြင်ရ
တယ်...ကားတချို့မောင်းနှင်နေပြီး လူတစ်ချို့ခြေရှုပ်နေကြတယ်...ရွာလယ်ဈေးကတော့ အရှုပ်ဆုံးပေါ့...နောက် မှသိရတာက အုန်ဖင်ရွာ{ Um Phyin Village} တဲ့လေ.. သူတို့နိုင်ငံကရွာတွေက မြို့နဲ့မခြား...ပညာရေး..
ဆေးပေးခန်း..ဆက်သွယ်ရေးအတွက် လမ်းဘေးဖုန်းများ... တောင်တက်လမ်းတွေသာဆိုတယ်..လမ်းတွေက ဖြူးလို့...ကျွန်တော်တို့ရွာက (အဲ..လေ..နိုင်ငံက) ကျိုင်းတုံ-တောင်ကြီးလမ်းနဲ့ နှိုင်းယှဉ်ကြည့်မိတယ်.. "သိပ်မကွာ ပါဘူးကွာ" ဒါဆို မလုံလောက်သေးဘူး... "တခြားဆီပဲ" ဒါလဲ သိပ်မပြည့်စုံသေးဘူး..."နိုင်းစရာ အကြောင်းကို မရှိဘူးဘူး" တဲ့....ဘော်ဒါတစ်ယောက်က ၀င်ပြောတယ်..သူကထပ်ဖွင့်တယ်.
"နှိုင်းယှဉ်တယ်ဆိုတာ သိပ်မကွာ တဲ့ အရာတွေကိုပဲ နှိုင်းယှဉ်ကြတာ..အရည်အသွေး ကွာခြားလွန်းတဲ့ အရာနှစ်ခုကို နှိုင်းယှဉ်စရာ အကြောင်းမ ရှိဘူး" တဲ့..အင်း ... သူပြောတော့လည်း.. အဟုတ်....


ကျွန်တော်တို့ခရီးက ဒီမှာ မဆုံးသေးဘူး.. ဆယ့်ငါးမိနစ်လောက် ထပ်စီးလိုက်ရတယ်...အုန်းပြန့် ကမ့် {Um Pyane Camp} တဲ့... လမ်းအပြည့် ဖြတ်တားထားတဲ့ ဂိတ်ကြီးနဲ့ ပုလိပ်တစ်ကောင်က စောင့်ကြိုနေတယ်..
သူဘာ မှမပြောခင်မှာပဲ သူ့အကြုက်သိတဲ့ ဘော်ဒါတစ်ယောက်က အားကစားစာစောင်ကြီးတစ်ခုကို ထိုးပေးလိုက်တယ်. .. ဘာချက်ကင်း..ဘာကွက်ရှင်း {Checking & Question} မှ မလာဘဲ ဒို့လေးယောက်အတွက် ကားထားတဲ့ အတားကြီး ဖယ်သွားတယ်..”အော် ဒီမှာလည်း ဒါမျိုးတွေ ရှိတာပဲလား” လို့ ကျွန်တော်က စပ်စုလိုက်တော့ ”ရှိတယ်..ရွေနိုင်ငံတော်ကြီး က မြ၀တီတဲ့ နီးလို့လေ” တဲ့...မဲဆောက်မှာနေပြီး ရင့်ကျက်နေတဲ့ ဘော်ဒါကြီးက ရှင်းပြတယ်..
ဒီလိုနဲ့ ကမ့်လမ်းအတိုင်းလျှောက်လာတယ်...၀ါသနာအရ တွေ့သမျှကို လေ့လာကြည့်တော့ အိမ်တွေက ၀ါးကာ.. ၀ါးခင်း..အမိုးက ဓနိ..တကယ့်ကို လုံလုံခြုံခြုံပါပဲ.. ဆယ်ပုံ ပုံ ခုနှစ်ပုံလောက်သော အိမ်တွေက အပေါ်စက် အောက်စက်နဲ့..ညဆိုလည်း လစဉ်ကျေးပေးရတဲ့ မီးစက်နဲ့... ထိန်ထိန်ကို လင်းလို့...အော်...ကျွန်တော်တို့ရောက်နေတာက ဒုက္ခသည်စခန်းတဲ့...ဒို့ရွာက..အဲ. ဒို့နိုင်ငံတော်ကြီးက ရွာတွေနဲ့ကွာပ....................


အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်.."Some facts are more stranger than ficition" တဲ့..”တချို့ တကယ့်အဖြစ်အပျက် တွေဟာ စိတ်ကူးယဉ်ဝတ္ထုတွေထက် ပိုဆန်းကြယ်တယ်” တဲ့..မှန်လိုက်တဲ့ဖြစ်ချင်းလေ..တကယ်ပါ..ဒီနေရာမှာ (ငယ်ငယ်က ဆရာ တစ်ယောက်ရဲ့ လေကို ဖမ်းပြီးပြောရယင်) ထမရေသောက်ဖက် ခေါင်းခေါက်ဖက်တွေနဲ့ လာတွေ့ ရမယ်လို့ လုံးဝ လုံးဝကို တွေးမထားခဲ့ ပါဘူး..လက်တွေ့မှာတော့ ရှစ်နှစ်လောက်ကွဲကွာခဲ့ပြီး ရှစ်နှစ်လောက် ရန်ကုန်မှာ အတူနေဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကို တိုက်တိုက် ဆိုင်ဆိုင် အဲဒီမှာ လာတွေ့ရတယ်...မချိန်းဆိုပါပဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးသွားခဲ့တာလည်း သူနေတဲ့ကျောင်းတည့်တည့်ကို..နောက်တစ် ယောက်က ရန်ကုန် အမေရိကန် စင်တာ"Crossroad Cafe" သင်တန်းမှာ အတူတက်ခဲ့ဖူးတဲ့ သူငယ်ချင်း..သူက လူရွှင်တော်တစ် ယောက်လို မျက်နှာကိုက ပျက်လုံးတွေအပြည့်..ပြီးတော့ Class Clown..အလွန်သိက္ခာကြီးတဲ့ ဆရာတောင် သူ့ကြောင့်မျက်ရည်ဝဲဖူး တယ်.. ရယ်ရလွန်းလို့...နောက်တစ်ယောက်က ဆိပ်ကမ်းသာလမ်းက ဒို့ရဲ့ မားသား ကလပ်(စ်) ဖြစ်တဲ့ UMA မှာ အတူတူကျင်လည် ခဲ့ဖူးသူ...တချို့လည်း လူချင်းမရင်းနီးပေမဲ့ ရန်ကုန်က Classes တွေမှာ ခြေချင်းထပ်ဖူးသူတွေ...တစုံတရာရဲ့ ဖိနှိပ်ချုပ်ချယ်မှု့ကြောင့်..တစုံတရာရဲ့
ခြိမ်းခြောက်မှု့ကြောင့်..အဲဒီ တစုံတရာရဲ့ လူသားမဆန်မှု့ကြောင့် သူတို့တွေ အမိမြေနဲ့ ဝေးနေရပေမဲ့ အပြုံးမပျက်ကြသလို စိတ်ဓာတ်လည်းမကျကြပါဘူး..အမိမြေရဲ့ လွတ်မြောက်မှု့ကို ငံ့လင့်နေကြသလို တတ်နိုင်သမျှလည်း တိုက်ပွဲဝင်ခဲ့ကြ ၀င်နေကြသူတွေလေ..တညမှာ ပါတီပေးရင်း သူတို့က ကြွေးကြော်လိုက်သေးတယ် ”ဒါဟာ ဒို့နေဖူးသမျှတွေထဲမှာတော့ တကယ့်ကို လွတ်မြောက်နယ်မြေလေ” တဲ့..

( နောက်မှသိရတာက သူတို့ဟာ ရွှေနိုင်ငံက လွဲပြီး ဘယ်ကိုမှ မရောက်ဖူးကြသူတွေပါတဲ့ ဗျား)


၂၆.၁၁.၂၀၀၇
အုန်းပျန့် ဒုက္ခသည်စခန်း ရောက် အမှတ်တရ.....

2 comments:

Kaung Kin Ko said...

Dear brother, I like your poems. Your poems are so nice. I read them although I have exam. :-) The poem "Bel Ko Lel" is eesntial at this time. The "A mhaung khit(Black age)" is also so nice too.
The poem "To Mom" is the poem I like best. I'll read other poems and articles after exam.
Brother, the Myanmar Font doesn't appear well. I copy your poem to Notepad and read them. To appear Myanmar Font, First in your source code, (Edit HTML) ...> Find Variable name="bodyFont" description="Text Font" type="font" default="normal normal 100% Then put Zawgyione, after 100 %

your code will be like that
Variable name="bodyFont" description="Text Font" type="font" default="normal normal 100% Zawgyi-One,Helvetica,Arial,Verdana,'Trebuchet MS', Sans-serif"

I think you must change in 4 sentences. Then save template.
Before you changed, backup your template. I hope you'll be Ok.
I love your poems.

Kaung Kin Ko said...

If you are free, I'd like to invite you to read my poems. :-) my url is http://kaungkinko.blogspot.com :-)