ဟောဟိုမှာ..
သူများတွေ မိုင်ထောင်ချီတဲ့ခရီးကို နှင်နေကြပြီ..
ကုန်းလမ်းရေလမ်း
သူတို့ အားလုံးတီထွင်ခဲ့ကြတယ် ။
သဘာဝရဲ့ညစ်ထေးမှု့တွေကို
လူ့စွမ်းအင်နဲ့ ကာကွယ်ရင်း
ခရီးဆုံးကိုရောက်သူတိုင်းကလည်း
သူ့ပန်းတိုင်နဲ့သူ
လူ့ဝန်းကျင်တစ်ခုလုံးကလည်း
သူ့အခွင့်ရေးနဲ့သူ ။
မင်းတို့ ငါတို့မှာတော့
နွားခြေရာခွက်ထဲက ဖားသူငယ်လို
ဒီဟာလေးကိုပဲ ကဘာကြီးတစ်ခုထင်လို့
တီထွင်မှု့ဆိုတာ မရှိ
ဖန်တီးမှု့ဆိုတာ နတ်ထိပေါ့ (ဘုန်းဘုန်း လေသံနဲ့..ဟဲ ဟဲ)
ရုန်းကန်လှုပ်ရှား
သွားသွား လာလာ
လဲကျတိုင်းပြန်ထပေမဲ့
အချိန်က
ရာသီတွေသာ သယ်ဆောင်သွားတယ်
ပန်းတိုင်ဆိုတာ မတွေ့ခဲ့ ။
ဝန်းကျင်တစ်ခုလုံးကလည်း
လူ့အခွင်းရေးသံတွေ ပွက်လောညံလို့...
သူငယ်ချင်း....
သူ့တို့လဲလူ
ဒို့လည်းလူ
လူချင်းတူပေမဲ့
ဘယ်အရာတွေက ခွဲခြားပစ်လိုက်ပါသလဲ ၊၊
စေ့စေ့တွေးရင်
ရေးရေးမက မြင်နိုင်ပေမဲ့
ကံကြမ်မာကိုသာ ဒီအတိုင်းပုံခြနေရင်
တို့တတွေရဲ့ ဘ၀တွေလည်း
တဖုန်းဖုန်း ဆက်ကြွေကျနေရုံပဲလေ ။ ။ ။
ဧဏီစိုး
၂၈.၆.၂၀၀၄
Monday, August 20, 2007
လှောင်အိမ်ထဲက ကဗျာတစ်ပုဒ်
Posted by
elevator
at
11:00 PM
Labels: လှောင်အိမ်ထဲက ကဗျာတစ်ပုဒ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment