ဆဲလ်စင်တာ
ကိုယ်ပိုင် စူးစမ်းမှု့မပါတဲ့ ရိုးရာတွေနဲ့
ယုံကြည်မှု့လွန်ကဲတဲ့ ထုံတမ်းတွေက
အတွင်းလှိုက် ထုတ်ယူသွားလိုက်တာ
လူ့အသက်ပေါင်းလည်း မနည်းတော့ဘူး ။
များပြားလှတဲ့ ၀ါဒတွေနဲ့
ဘာမှမရေရာတဲ့ ဒီဖန်ဆင်းရှင်တွေထဲ
ငါ့ကိုယ်ငါ ဘာ့ကြောင့်စီးမျောရမှာလဲ...
တကယ်တော့
ငါ.ကိုယ်တိုင်က ၀ါဒတစ်ခုဖြစ်သလို
ငါ.ကိုယ်တိုင်ကပဲ ဖန်ဆင်းရှင်တစ်ဦးပဲလေ ။ ။ ။
ဧဏီစိုး
၂၃.၈.၂၅၅၀
ကြာသတေး ည..၁၀း၃၉
Thursday, August 23, 2007
ဆဲလ် စင်တာ
Posted by
elevator
at
11:17 PM
0
comments
Labels: ဆဲလ် စင်တာ
Self-Center
SELF-CENTER
Due to lack of self-understanding and over-belief
in traditions and customs,
uncountable people have been becoming the victims of it.
Why do i have to devote to in-numerable Isms and
uncertain Creators ?
Actually,
I myself is an Ism and is a Creator.
EA NI SOE
Posted by
elevator
at
10:50 PM
0
comments
Labels: Self-Center
Wednesday, August 22, 2007
ကြယ်တွေကြွေတဲ့ ည
တစ်စစီပဲ့ကြေသွားပြီ
လမ်းသင့်လို့ပဲလား
လေပင့်လို့ပဲလား
မပျက်ပြယ်နိုင်တော့တဲ့ လေထဲကစကားလုံးတွေအတွက်
ငါ့ရင်ဘတ်တွေ အခုထိဖားဖိုဖြစ်နေတုန်းပဲ ။
ငါပေးဆပ်ခဲ့ပြီးပြီပဲ
အတောမသတ်နိုင်တဲ့ ဒီဆန်ဒတွေအတွက်
ငါ..ဘယ်လောက်ထိ ဆက်ကြွေပြနေရအုံးမှာလဲ ။
အပြန်မရှိတဲ့ ဒီခရီးကိုမှ
မိုက်မဲစွာ လျှောက်မိခဲ့တဲ့ကောင်ပါ..
ရောင်စုံလွမ်းနေတဲ့ သူ့ဖိုင်တွဲကြီးထဲက
(နုံချာလွန်းလှတဲ့)
ဒီငနဲကို ထုတ်ပယ်လိုက်ပါတော့ ။
အဝေးဆုံးရဲ့ အဝေးကနေ
မထင်မရှား ဘ၀လေးနဲ့ပဲ
ငါ.....
သူ့န်းတော်ကို ဆက်လက်မွမ်းမံနေပါ့မယ် ။ ။ ။
ဧဏီစိုး
၆.၂.၂၀၀၆
Posted by
elevator
at
4:44 PM
0
comments
Labels: ကြယ်တွေကြွေတဲ့ ည
Monday, August 20, 2007
လှောင်အိမ်ထဲက ကဗျာတစ်ပုဒ်
ဟောဟိုမှာ..
သူများတွေ မိုင်ထောင်ချီတဲ့ခရီးကို နှင်နေကြပြီ..
ကုန်းလမ်းရေလမ်း
သူတို့ အားလုံးတီထွင်ခဲ့ကြတယ် ။
သဘာဝရဲ့ညစ်ထေးမှု့တွေကို
လူ့စွမ်းအင်နဲ့ ကာကွယ်ရင်း
ခရီးဆုံးကိုရောက်သူတိုင်းကလည်း
သူ့ပန်းတိုင်နဲ့သူ
လူ့ဝန်းကျင်တစ်ခုလုံးကလည်း
သူ့အခွင့်ရေးနဲ့သူ ။
မင်းတို့ ငါတို့မှာတော့
နွားခြေရာခွက်ထဲက ဖားသူငယ်လို
ဒီဟာလေးကိုပဲ ကဘာကြီးတစ်ခုထင်လို့
တီထွင်မှု့ဆိုတာ မရှိ
ဖန်တီးမှု့ဆိုတာ နတ်ထိပေါ့ (ဘုန်းဘုန်း လေသံနဲ့..ဟဲ ဟဲ)
ရုန်းကန်လှုပ်ရှား
သွားသွား လာလာ
လဲကျတိုင်းပြန်ထပေမဲ့
အချိန်က
ရာသီတွေသာ သယ်ဆောင်သွားတယ်
ပန်းတိုင်ဆိုတာ မတွေ့ခဲ့ ။
ဝန်းကျင်တစ်ခုလုံးကလည်း
လူ့အခွင်းရေးသံတွေ ပွက်လောညံလို့...
သူငယ်ချင်း....
သူ့တို့လဲလူ
ဒို့လည်းလူ
လူချင်းတူပေမဲ့
ဘယ်အရာတွေက ခွဲခြားပစ်လိုက်ပါသလဲ ၊၊
စေ့စေ့တွေးရင်
ရေးရေးမက မြင်နိုင်ပေမဲ့
ကံကြမ်မာကိုသာ ဒီအတိုင်းပုံခြနေရင်
တို့တတွေရဲ့ ဘ၀တွေလည်း
တဖုန်းဖုန်း ဆက်ကြွေကျနေရုံပဲလေ ။ ။ ။
ဧဏီစိုး
၂၈.၆.၂၀၀၄
Posted by
elevator
at
11:00 PM
0
comments
Labels: လှောင်အိမ်ထဲက ကဗျာတစ်ပုဒ်
A poem in Prison
There...
Those are travelling a thousand miles;
And invented land and river routes.
Defending the natural instabilities with human power,
They who had succeed have its own goal
and human its own right.
We,like frogs in the track of cows
considering it as a universe,
have no invention and creation.
Actually,
We struggle, strive and get up whenever we fall down
but our labor was in vain and still missing the way.
The noise of human right spread wide and far, too.
My beloved friend !
They are men and we're too
yet..what differentiate us.
We can see clearly, though we do not think it over,
And if we blame our fate
not seeking for solution instead,
Our lives will incessantly fall like withered leaves in the autumn.
eanisoe
Posted by
elevator
at
9:51 PM
0
comments
ကောင်မလေး...သို့
ကောင်မလေး...သို့
ကောင်မလေးရယ်
ကြွေကျဖို့သက်သက်နဲ့တော့
သူ့ခေါင်းပေါ်က ပန်းတွေဝေပြမနေပါတော့ ။
ကြော့ကြော့မော့မော့နဲ့
လူတွေရှေ့ လမ်းလျှောက်တတ်တဲ့အကျင့်ဟာ
တကယ်တော့
ကျားကစားခြင်းသက်သက်ပါပဲ ။
တဘက်သားရဲ့ လှည့်ကွက်အောက်မှာ
မာယာတွေနဲ့ တွေဝေမနေပါနဲ့တော့ ။
မှားသွားမိတဲ့ ကစားကွက်တစ်ခုအတွက်
ရလာဒ်ဆိုတာ ပြန်မပြောင်းလဲစကောင်းလို့ပါ ။ ။ ။
ဧဏီစိုး
၂၀.၂.၂၀၀၆ တနင်္လာနေ့
လှေဖြင့် ချင်းတွင်းမြစ်ကိုဖြတ်စဉ် ခပ်ဟော့ဟော့ ကောင်မလေးတစ်ယောက်ကို တွေ့ရပြီး ခုန်ထွက်လာသောကဗျာ...
Posted by
elevator
at
1:57 PM
0
comments
Labels: ကောင်မလေး...သို့
Sunday, August 19, 2007
သူ့အတ်ထုတ်ပတ်
ငါ့ကိုကြည့်တိုင်း
ဒီကောင်...မျက်လုံးကိုစွေစွေပြီးကြည့်တယ် ။
ငါ စိတ်မဆိုးပါဘူး
ဒါပေမဲ့..
သူ့မျက်လုံးကြီး
အဲဒီလို တသက်လုံး အမြဲစွေသွားမှာ ငါသနားတယ် ။
ငါ့ကို စကားပြောတိုင်း
ဒီကောင့် လေသံတွေက
ခြေတစ်ဖက်ပြတ်လမ်းလျှောက်သလို
ဒေါက်ဂျက် ဒေါက်ဂျက်နဲ့အမြဲပြောတယ် ။
ငါ စိတ်မဆိုးပါဘူး...
ဒါပေမဲ့..
သူ့စကားလုံးတွေ အဲဒီလို တသက်လုံးဖြစ်သွားမှာ ငါသနားတယ် ။ ။
ဧဏီစိုး
၁.၈.၂၅၅၀
Posted by
elevator
at
11:14 PM
0
comments
Labels: သူ့အတ်ထုတ်ပတ်
Friday, August 17, 2007
ကဗျာဆရာ
ကစဥ့်ကလျားနဲ့
ညစ်ထေးမှု့တွေ စွန်းပေလေတိုင်း
ဖြေစရာဆိုလို့
လူမသိသူမသိ ဟောဒီကလောင်တစ်ချောင်းပဲရှိတာပါ..
မခိုဝင်ပါနဲ့
ကျွန်တော့ရင်ခွင်က မလုံခြုံလုံပါ..
မမှီလိုက်ပါနဲ့
ကျွန်တော့်ဘ၀က ချိနဲ့နေလို့ပါ..
မှေးစက်လိုက်ပါတော့
မငြိမ်းပေမဲ့လည်း
သာသာယာယာတော့ရှိမှာပါ ။
ငဲ့စောင်းကြည့်မနေပါနဲ့တော့
အနာမကျက်သေးပေမဲ့
အဲဒီလို လမ်းတွေပျောက်တဲ့အခါတိုင်း
ကလောင်တွေနဲ့လုံးထွေးနေကျမှို့
သူရယ်...
ကောင်းကင်ကြီးတောင်ငိုတော့မယ် ။ ။ ။
၂၄.၄.၂၀၀၆
Posted by
elevator
at
9:19 PM
0
comments
Labels: ကဗျာဆရာ